Tuesday, January 26, 2016

"အတုမရှိဂျာနယ် အတွဲ( ၂ )အမှတ်( ၂၀ )ထွက်ရှိလာတော့မည်"

ယခုအပတ်ထွက်ရှိမည့် အတုမရှိအမျိုးသားရေးသတင်းဂျာနယ် အတွဲ( ၂ )အမှတ်( ၂၀ )၌ … … …
ရေနံချောင်းမြို့၊ ဇေယျဝတီကျောင်းဆရာတော် ဘဒ္ဒန္တနာဂိန္ဒ၏ သြဝါဒကထာ။
ကိုရင်ချစ် (ရွှေထနောင်းကန်)ရှာဖွေတင်ပြသည့် လယ်တီပဏ္ဍိတဦးမောင်ကြီး၏ အမျိုးနှင့်မေတ္တာ
ရှင်မတောင်ဆရာတော် ဘဒ္ဒန္တက၀ိန္ဒောဘာသ၏ မြန်မာနိုင်ငံသည် မြန်တို့၏ တို့နိုင်ငံ။
အရှင်ဣန္ဒာစက္ကာဘိဝံသ၏ ဝါဒချင်းပြိုင်ဘယ်သူနိုင်( ၂၄ )။
ဝီရသူ-မစိုးရိမ်၏ ကြုံရဆုံရ မဘသ ဘ၀ကဏ္ဍမှာ သာသနာနှင့်အာဏာ။
အောင်မြိုင်(မစိုးရိမ်စာသင်သား)၏ တန်ဖိုးကိုယ်စီရှိကြသည်။
ထင်လင်းအောင်၏ ဒန်ဖြစ်သွားသော ရွှေ။
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံကြီး - ရွှေစကား
မင်းနန္ဒ(ဧရာမြေ-ပုသိမ်)၏ တစ်ဘ၀အရေး တစ်ခဏမတွေးနဲ့ .....။
အမျိုးသားရေးအဖွဲ့အစည်းများကို သုံးသပ်စစ်ဆေးခြင်း(အယ်ဒီတာ့အာဘော်)။
နေမင်းနွယ်၊ ၀ံသပိယ၊ ကိုရင်လေး(ရွှေကန်မြေ)၊ ယောသွေး(မကွေး)၊ စုစုအောင်(မန်ဆူဓမ္မစကူးလ်)တို့ ၏ကဗျာများ။
ကိုကြီး(ဘူမိ)၊ ဖိုးသက်တို့၏ ကာတွန်းလက်ရာများ … … …
စသည့် အမျိုးသားရေးဆောင်းပါးများ၊ သုံးသပ်ဝေဖန်ချက်၊ အမျိုးသားရေးရသ၊ သဘောထားထုတ်ပြန်ချက်၊ ဓမ္မသုတ၊ သတင်းမြင်ကွင်းစုံ၊ မုဒိတာရပ်ဝန်း၊ ကဗျာ၊ ကာတွန်း များဝေဝေဆာဆာဖြင့် အတုမရှိဂျာနယ် အတွဲ( ၂ )အမှတ်( ၂၀ )ထွက်ရှိ လာတော့မည်ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

ဆက်သွယ်မှာယူရန်
============
ကိုကျော်သောင်း (မန္တလေး) 09259237811
သဟာယကျောင်း (မန္တလေး) 09402571884
မဘသရုံး (မန္တလေး) 09256119917၊ 09797967219၊ 09797551638
ကိုမြင့်ဇော် (ရန်ကုန်-အောက်မြန်မာပြည်ဖြန့် ချိရေး) 09421071774 မထားရွှေအောင် 09-259237812 တို့ ထံ၌ဆက်သွယ်မှာယူနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။














Saturday, January 23, 2016

“လူနည်းစု အခွင့်အရေး”

(အမျိုးဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့မန္တလေး (မန်းမဘသ) သမိုင်းနှင့် သုတေသနဌာန လေ့လာတွေ့ရှိချက်များ အတိုင်း တင်ပြသည်။)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၃x၂၄လမ်းကြား၊ ၈၁လမ်း၊ ရွှေကျီးမြင်ဘုရား အရှေ့မုခ်နားမှာတည်ရှိတဲ့ အမက(--)စာသင် ကျောင်းလေးမှာ ဗုဒ္ဓဘာသာဝင် ကျောင်းသူ၊ ကျောင်းသားလေးများ ဘုရားဝတ် မတက်ရသည်မှာ ငါးနှစ်ကျော်ပြီ ဖြစ်ပါတယ်။
မန္တလေးဆိုတာ သာသနာထွန်းကားရာ ယဉ်ကျေးမှုမြို့တော်ဖြစ်ပါတယ်။ ရွှေကျီးမြင်ဘုရားဟာ မန္တလေးမြို့ရဲ့ အထင်ကရ သာသနိက စေတီဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေကျီးမြင်ဘုရားရှေ့က မူလတန်းကျောင်းလေးမှာတော့ ဘုရားရှိခိုးသံတွေ ဆိတ်သုဉ်းသွားခဲ့ပါပြီ။ သာသနာ့မြို့တော်မှာ ရွှေမြန်မာတွေ ဘုရားရှိခိုးခွင့်မရတာ ဘာကြောင့်ပါလဲ။
ရပ်ကွက်က မူဆလင်ရပ်ကွက်ဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူဦးရေ သုံးပုံလျှင် နှစ်ပုံမှာ မူဆလင်များပဲ ဖြစ်ပါတယ်။ တိုင်းရင်းသူ၊ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်က သုံးပုံလျှင် တစ်ပုံသာရှိတော့တာကြောင့် နေ့စဉ်ကျောင်းတက်ခေါင်းလောင်းထိုးတိုင်း ဘုရားဝတ်တက်တဲ့ အစဉ်အလာလေး ပျောက်ကွယ်သွားတာပဲ ဖြစ်ပါတယ်။
ကျောင်းသားဦးရေစုစုပေါင်း ၃၅ဝ ကျော်မှာ ဗုဒ္ဓဘာသာဝင်က တစ်ရာပြည့်ရုံ လေးပဲ ရှိတော့လို့ ဗုဒ္ဓဘာသာယဉ်ကျေးမှုဖြစ်တဲ့ ဘုရားဝတ်တက်ခြင်း အစဉ်အလာ ပျောက်ကွယ်သွားတာလား။ ဒါမှမဟုတ် ဘယ်လိုအခက်အခဲမျိုးတွေ တွေ့ကြုံခဲ့ရလို့ ဘုရားဝတ်မတက် ဖြစ်တော့တာလဲဆိုတာ စိတ်ဝင်စားဖွယ် ပုစ္ဆာတစ်ခု ဖြစ်နေပါတယ်။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ မန္တလေး (မန်းမဘသ) အဖွဲ့ဝင် ကိုစိုးဝင်းနိုင်တို့က လမ်း၂ဝ မှာ နေပါတယ်။ သူတို့အစ်မဝမ်းကွဲတစ်ဦးရဲ့ သမီးလေး အမက (--)မှာနေတာ သူငယ်တန်းမှ လေးတန်းအထိ ငါးနှစ်တိတိရှိပါပြီ။ ကျောင်းအပ်ကတည်းက ဘုရားဝတ်မတက်တာ အခုထိပဲ ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံး ကျောင်းတက် ခေါင်းလောင်းထိုးတိုင်း သြကာသ အစချီတဲ့ သံပြိုင်ဘုရားဝတ်တက်သံတွေ မြိုင်နေခဲ့ပေမယ့် အမက (--)ကတော့မြန်မာ ပြည်ထဲက စာသင်ကျောင်းမဟုတ်သလို သုသာန်တစပြင်အလား တိတ်ဆိတ်ခြောက်သွေ့လျက်ပဲ ရှိနေတော့တာပါ။
ယခုလက်ရှိ ကျောင်းအုပ်ဆရာကြီးက ဦးမောင်ထွန်းပါ။ တာဝန်ကျတာ နှစ်နှစ် ရှိပါပြီ။ ဦးမောင်ထွန်းလက်ထက်ရောက်မှ အစဉ်အလာပျက်ပြားခဲ့တာမဟုတ်လေတော့ ဦးမောင်ထွန်းမတိုင်ခင်က ကျောင်းအုပ်ဆရာကြီး ဦးဝင်းမော်ထံ ရောက်ခဲ့ပြန်ပါတယ်။ မန်းမဘသ အဖွဲ့မှ ဦးပညာသက္က ဦးဆောင်တဲ့ ကိုစိုးဝင်း နိုင်တို့မိသားစုက သာသနာပကျောင်းလေးလို ဖြစ်နေတဲ့ အမက (--) ရဲ့ ဘုရားရှိခိုးတဲ့ ရိုးရာဓလေ့ ကွယ်ပျောက်ရာ ဇာစ်မြစ်ကို လေ့လာဖို့ အမက(--)ကို ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အမက(--)ရဲ့ လက်ရှိကျောင်း အုပ်ကြီး ဦးဝင်းမော်က အမက(--)မှာ တာဝန်ထမ်းဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။
ကျောင်းအုပ်ကြီး ဦးဝင်းမော်က အံ့သြ လေဟန် အာမေဍိတ်သံပြုပါတော့တယ်။ ညီဖြစ်သူ ဦးမောင်ထွန်းထံလည်း ဖုန်းဆက် မေးမြန်းလိုက်ပါသေးတယ်။ သူတို့နှစ်ဦး စလုံးက မတ္တရာဇာတိဖြစ်ပြီး ညီအစ်ကိုဝမ်းကွဲ တော်စပ်ပါတယ်။ အစ်ကိုဖြစ်သူ ဦးဝင်းမော်က သူတာဝန်ထမ်းဆောင်ခဲ့ရာ အမက(--)မှာ ဘုရားဝတ်မတက်ကြတော့ဘူးဆိုတဲ့ သတင်းကို အံ့သြထိတ်လန့်တဲ့ အနေနဲ့ ''မဟုတ်လောက်ပါဘူး။ ရှိခိုးကြမှာ''ဟု ရုတ်တရတ် အသံထွက်သွားတာဖြစ်ပါတယ်။ ညီဖြစ်သူကလည်း သူမရောက်ခင်ကတည်းက ဘုရားဝတ် မတက်ကြတာလို့ အခိုင်အမာ ပြန်ဖြေတာကို မန်းမဘသ ဝိုင်းတော်သားများ အတိုင်းသား ကြားနေရတာပဲ ဖြစ်ပါတယ်။
ဒီလိုဆိုရင် အစဉ်အလာဖျက်ခဲ့ရာ လက်သည်က တစ်ယောက်ပဲကျန်တော့တာမို့ ဘာ့ကြောင့် ဒီလိုဝတ်မတက်ဖြစ်တော့တာလဲ။ ကုလားများလို့ အားနာတာကြောင့်လား။ ဒါမှမဟုတ် ဖိအားပေးခံရလို့လား။ ဒါမှမဟုတ် ပြဿနာတစ်စုံတစ်ရာကြောင့်များ ရပ်တန့်သွားတာလား။ စုံစမ်းခဲ့ကြပါတယ်။
ကျောင်းအုပ်ဆရာကြီး ဦးဝင်းမော်က ပြဿနာတက်တာမဟုတ်ကြောင်း မှတ်မိပေမယ့် သူ့လက်ထဲမှာ ပျက်ကွက်ခဲ့တာကိုတော့ မယုံကြည်နိုင်စရာတစ်ခုလို တွေဝေသွားခဲ့တာပါ။ ကျောင်းတက်ပြီဆိုတာနဲ့ ဘုရားရှိခိုးရကြောင်း၊ ကျောင်းအုပ်ဆရာကြီးဝင်လာတာနဲ့ ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယဂုဏံ အဟံဝန္ဒာမိ၊ မင်္ဂလာပါဆရာကြီးဟု လက်အုပ်ချီရှိခိုးရကြောင်း ပြောပြပါတယ်။
ကျွန်တော် ဝင်လာတဲ့အခါ ကျောင်းသူ၊ ကျောင်းသားတွေက မင်္ဂလာပါဆရာကြီးလို့ လက်အုပ်ချီပြီး နှုတ်ဆက်ကြတယ်။ ကျွန်တော်က အဲဒီလို လက်အုပ်ချီပြီး မင်္ဂလာပါနှုတ်ဆက်ရုံနဲ့ မရဘူး။ ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယ ဂုဏံအဟံဝန္ဒာမိ၊ မင်္ဂလာပါဆရာကြီးလို့ ရွတ်ဆိုကြဖို့အထိကို သင်ပေးခဲ့တာဟု ဂုဏ်ယူ ဝံ့ကြွားစွာ ပြောပြနေခြင်းပဲ ဖြစ်ပါတယ်။
ကျောင်းအုပ်ကြီး ဦးဝင်းမော်ဟာ ပဉ္ဇင်း လူထွက်၊ တိုင်းရင်းဆေးဆရာ၊ လူပြန်တော် ဖခင်ကြီးရဲ့ သားဖြစ်လို့ ဘာသာတရားအခြေခံ ကောင်းတာကို ငြင်းဆန်လို့မရသလို၊ သာသနာကို ကြည်ညိုစိတ်ကလည်း သာမန်လူတွေထက်တော့ သာတယ်ပဲ ပြောရမှာပါ။ သူ့ရွာမှာ ရွာဘုန်းကြီးတစ်ပါးတည်းပဲရှိပြီး ကိုရင်၊ ကျောင်းသားမတွေ့ရတော့လို့ သာသနာရှေ့ရေးကို ပူပန်စိတ်အတွေးတွေနှင့် စိတ်မကောင်း ဖြစ်ခဲ့ရပုံကို ဦးပဉ္ဇင်း ဦးပညာသက္ကအား လျှောက်ထားသံက သက်သေပြနေတာပဲ ဖြစ်ပါတယ်။
တကယ်တော့ အမက (--) ကျောင်းလေးဟာ မန်းမဘသအဖွဲ့ဝင် ကိုစိုးဝင်းနိုင်တို့ ငယ်စဉ်က နာမည်အတော်ကြီးခဲ့တဲ့ မူလတန်း ကျောင်းကလေးပါ။ ဦးတင်ဦးကျောင်းဆို လူတကာ သိပါတယ်။ အသင်အပြကောင်း၊ စည်းကမ်းကောင်းတာကြောင့် ကျောင်းသားဦးရေ ၁ဝဝဝကျော်အထိရှိခဲ့တာပါ။ နောက်ပိုင်း မှာတော့ မူဆလင်လူဦးရေ များပြားလာတာနဲ့အမျှ ကျောင်းသားဦးရေ တဖြည်းဖြည်း ကျဆင်းသွားခဲ့တာ အခုဆိုရင် ၃၅ဝဦးပဲရှိပါတော့တယ်။
မူဆလင်များတယ်၊ ဘုရားမရှိခိုးရဘူး ဆိုပြီး အခြားကျောင်းသွားထားကြတာတွေကြောင့် ကျောင်းသားဦးရေကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ မန်းမဘသအဖွဲ့ဝင် ကိုစိုးဝင်းနိုင်ရဲ့ဇနီး မနီလာမြင့်က ''အရွယ်ရောက်လာရင် ထိန်းသိမ်းရခက်မယ်။ ငယ်ငယ်လေးကတည်းက ဘုရား၊ တရားနဲ့ နီးစပ်နေမှ ယဉ်ကျေးလိမ္မာမှာ''လို့ ခံယူထားတာကြောင့် သားလေးကို ကျောင်းပြောင်းပေးခဲ့တာပါ။
သားလေးကို အမက(--)မှာ သုံးလ တိတိထားပြီးမှ ကျောင်းပြောင်းပစ်လိုက်တာကတော့ ဘုရားစင်ရှိပြီး ဘုရားရှိခိုးခွင့်မရလို့ဘဲ ဖြစ်ပါတယ်။ သားလေးနေတဲ့ သူငယ်တန်း (က)အခန်းမှာ ဗမာကျောင်းသားက အများစုပါ။ ဗမာကျောင်းသားများတဲ့ အခန်းမှာတောင်မှ ဘုရားစင်ရှိပါလျက် ဘုရားမကန်တော့ရတာနဲ့ ပတ်သက်လို့ မနီလာမြင့်က ဆရာကြီး ဦးဝင်းမော်ကို အခုလို ပြောမိသွားတာပါ။
''ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာက လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်မရှိဘဲ ကုလားတွေပဲ လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့် ရှိတဲ့ပုံစံမျိုးကြီးဖြစ်နေပြီ။ မူဆလင်များတဲ့ ကျောင်းတိုင်းမှာ ဒီလိုပဲ ရှိခိုးခွင့်ပိတ်ပင်ခံရ တော့မှာလား။ ကြာရင် အစဉ်အလာကောင်းတွေ ပျက်ပြယ်သွားတော့မှာလား'' စိုးရိမ်စိတ် အပြည့်နှင့် မေးခွန်းထုတ်ခဲ့သူက ကျောင်းသားမိခင် မနီလာမြင့်ပဲ ဖြစ်ပါတယ်။
တစ်ယောက်ရှိရှိ၊ နှစ်ယောက်ရှိရှိ ဘုရား ကန်တော့ရမည့် အချိန်မှာ ကန်တော့ကို ကန်တော့ရမှာ။ သူတို့ မကန်တော့ရင်အပြင်ထွက်နေဟု မနီလာမြင့်က မခံချင်စိတ်အပြည့် နှင့် ပြောလိုက်တဲ့အခါ..
''ဘာသာခြားများလို့ မကန်တော့ဘူး ထင်ကြတာနေမှာ။ ကန်တော့ကြပါတယ်''ဟု နှစ်သိမ့်ရင်း စဉ်းစားပြီးလုပ်ရတော့မည့် တာဝန် ဟု ခံယူထားကြောင်းပြောကာ ကျောင်းအုပ်ကြီး ဦးမောင်ထွန်းနှင့် သွားဆွေးနွေးမယ်။ ဒုတိယ မြို့နယ်မှူးထံ တင်ပြမယ်။ ကန်တော့ကို ကန်တော့ရမယ်ဟု အားမာန်အပြည့်နှင့် အားပေးခဲ့သူက အသက် ၅၄ နှစ်အရွယ်ရှိ အမက (--)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမော်ပဲ ဖြစ်ပါတယ်။
ကျောင်းသားဦးရေ ၃၅ဦး စီရှိတဲ့ စာသင်ခန်းတစ်ခန်းမှာ ဗုဒ္ဓဘာသာ ရွှေမြန်မာ ၁ဝ ဦးသာ ရှိတော့တဲ့ ဒီကျောင်းမှာ ဘုရားရှိခိုးခြင်း အစဉ်အလာ ပျောက်ကွယ်သွားတာ မထူးဆန်းပေမယ့် ဆရာကြီး ဦးဝင်မော်ကတော့ တစ်စုံတစ်ရာ ဖိအားပေးခံရလို့ ရှိမခိုးကြတာ မဟုတ်ကြောင်းနှင့် ဘာဖိအားမှ မကြောက်ဘူး။ ဒီကိစ္စ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာမှာ တာဝန်ရှိတယ်။ အထူးသဖြင့် ကျွန်တော့်မှာ တာဝန်ရှိတယ်ဟုဆိုကာ မက္ကာရပ်ကွက်ထဲက မဒီနာကျောင်းလေးမှာ သာသနာပြန်ရောက်ဖို့ အားကြိုးမာန်တက် ဆန္ဒပြင်းပြနေပါတော့တယ်။
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမက (--) ကျောင်းအုပ်ဆရာကြီးဦးမောင်ထွန်း ကတော့ ဘုရားဝတ်တက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်လည်း မရှိကြောင်း၊ ဘုရားဝတ်တက်ဖို့ အစီအစဉ်လည်း မရှိကြောင်း ဖြေကြားနေတာကြောင့် ဦးဝင်းမော်ဆန္ဒပြည့်ဝပါ့မလားဆိုတာ စိုးရိမ်စရာဖြစ်နေပါတယ်။
''ကန့်ဘလူမြို့နယ် ကျီစုရွာ စာသင်ကျောင်းမှာ ကုလား ၄ဝဝ၊ ဗမာ၂ဝဝရှိတယ်။ ဘုရားရှိခိုးမယ်၊ နိုင်ငံတော်အလံအလေးပြု မယ်ဆိုရင် ကုလားလေး၊ ကုလားမလေးတွေက ရှောင်ထွက်သွားကြတယ်။ ကုလားလေးတွေ အပြင်ထွက်၊ မထွက်ကိုလည်း ဗလီဆရာတွေက အပြင်ကနေ စောင့်ကြည့်နေကြတာ တွေ့ရတယ်''ဟု မန်းမဘသအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဆရာတော် အရှင်ပညာသက္က(ဝေယံဘုံသာ)က ဆရာကြီး ဦးဝင်းမော်ကို ဇာတိသွေး၊ ဇာတိမာန်အပြည့်နှင့် ပြောကြားရင်း အားပါလာတာကြောင့် ''ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံအလံကိုမှ အလေးမပြုရင် လက်မခံနဲ့''ဟုလည်း အားပါးတရ မိန့်ကြားပြန်ပါတယ်။
ဆရာကြီးဦးဝင်းမော်က ၂ဝ၁၂ခုနှစ် စက်တင်ဘာလမှာ အမက(--)မှ အမက (--) သို့ ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ ၎င်းလက်ထက်မှာ ဆရာဦးရေ (၁၈)ဦးအနက် မူဆလင် (၆)ဦးရှိကာ ယခုဦးမောင်ထွန်း လက်ထက်မှာတော့ ဆရာဦးရေ (၂ဝ) ရှိကာ မူဆလင်က (၆)ဦးရှိတယ်လို့ ဆိုပါတယ်။ မူဆလင်ဆရာ၊ ဆရာမတွေက ဗမာဆရာ၊ ဆရာမတွေနှင့် တွဲသင်ရပေမယ့် စာသင်ခန်း တိုင်းမှာတော့ ဘုရားစင် လုံးဝမရှိတော့ပါဘူး။ စတုတ္ထတန်း အခန်းတစ်ခုထဲက ခြောက်သွေ့ညှိုးနွမ်းနေပြီဖြစ်တဲ့ ပန်းအိုးလေးတစ်လုံးကို ချောင်ကျကျဘီရိုတစ်ခုပေါ်မှာ တွေ့ခဲ့ရတာပါ။
အထင်ကရဖြစ်ပြီး ရွှေမန်းမြို့ရဲ့ အချက်အချာကျတဲ့ ရွှေကျီးမြင်ဘုရားနားက ကျောင်းမှာ ဘုရားမရှိခိုးရတာ ရင်နာလို့ မဆုံးပါဘူးဟု ကိုစိုးဝင်းနိုင်က ဆရာကြီး ဦးဝင်းမော်ကို ဝေဒနာအပြည့်နှင့်ပြောပြနေမိ တာပါ။
အမက(--)ဟာ ပညာရေးမှူးရုံးနှင့် ကပ်လျက်တည်ရှိပြီး အောင်မြေသာစံမြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူး ဦးဘိုနီက ကျောင်းဝင်းထဲမှာပဲနေပါတယ်။ အထက(-) ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်မွန်က လက်ရှိမြို့နယ်ပညာရေးမှူးအဖြစ် တွဲဖက် တာဝန်ယူဆောင်ရွက်နေတဲ့ အမက(--) ထဲက ဗုဒ္ဓဘာသာဝင်လူနည်းစု ကျောင်းသား၊ ကျောင်းသူလေးများရဲ့ ဘုရားရှိခိုးသံက အတိတ်မှာပဲ ကျန်ခဲ့တော့လေမလားဟု ရွှေမြန်မာများ ရင်တမမနှင့် တွေးပူနေရတော့မှာပဲ ဖြစ်ပါတယ်။
မျိုးချစ်သူ(၉၇)
17.1.2016  ရက်နေ့ထုတ် အတုမရှိဂျာနယ်

Friday, January 22, 2016

အတွဲ ၂၊ အမှတ် ၁၉ ထွက်ရှိပါပြီ

အတုမရှိ အမျိုးသားရေးသတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၁၉ ထွက်ရှိပါပြီ